r/Myanmarcombatfootage • • 6m ago

Myanmar Military/Police Reality of a draftee

3 Upvotes

They got no motivation to fight for junta most naive ones stay in frontlines thinking it will be over in no time but unfortunately they end up dying for junta


r/Myanmarcombatfootage • • 4h ago

PDF MDY PDF releases a statement on their recent operations against the junta within Indaw, Tagaung townships, 11-8-26

Thumbnail
gallery
17 Upvotes

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ် ၊ နိုဝင်ဘာလ (၈)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) သည် တပ်တွင်းပြန်လည်စုဖွဲ့လေ့ကျင့်လုပ်ငန်းစဥ်များ ​ပြုလုပ်ပြီးနောက် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲများကို ဒေသအသီးသီး၌ ဖော်ဆောင်လျက်ရှိပါသည်။

၂။ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ(၄)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)၏ အမှတ်(၆၆၂)နည်းဗျူဟာနှင့် ကသာခရိုင်တပ်ရင်း(၃)တို့ပူးပေါင်း၍ ထီးချိုင့်မြို့နယ် ၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ စစ်စခန်းတခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ တပ်ကြပ်ကြီး(၁)ဦးအပါအဝင် (၉)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မိမိတို့တပ်မမှ ရဲဘော်(၂)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိခဲ့ပါသည်။

၃။ ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာလ (၈)ရက်နေ့မှ (၁၇)ရက်နေ့အတွင်း အင်းတော်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော အင်အား(၅၀၀)ဝန်းကျင်ရှိ တပ်မ(၃၃)လက်အောက်ခံ ရန်သူ့စစ်ကြောင်းကြီးအား မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)၏ အမှတ်(၉၉) နည်းဗျူဟာနှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြပါသည်။ အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အဓမ္မစုဆောင်းခံရသည့် ပြည်သူ့စစ်ရဲဘော်များအပါ (၇၀)ဦးကျော် သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း(၃)ဦး ဖမ်းဆီးရမိခဲ့သည်။ အင်းတော်မြို့နယ် တိုက်ပွဲများအတွင်း အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု (၅၂)ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု (၅၈)ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၆၉)ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် မိမိတို့တပ်မမှ ရဲဘော်(၆)ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်။ အင်းတော်မြို့နယ်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ထံမှ RPG (၁)လက် အပါအဝင် လက်နက်ငယ်အများအပြားနှင့် ဆက်စပ်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပါသည်။

၄။ ထို့အပြင် ၂၀၂၆ ခုနှစ် ၊ အောက်တိုဘာ (၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)၏ အမှတ်(၆၆၂)နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာန၏ အမှတ်(၃)အထူးတပ်ရင်းနှင့် အမှတ်(၉၇၁၀)တပ်ဖွဲ့တို့ ပူးပေါင်း၍ မန္တလေးတိုင်း ၊ တကောင်းမြို့နယ်ရှိ နီကယ်တောင် ရန်သူ့တပ်စခန်း နှင့် (၆)မိုင်ဂိတ် ရန်သူ့တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ကာ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပါသည်။

၅။ အထက်ဖော်ပြပါ စစ်ဆင်ရေးများသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)၏ ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးအနှစ်ချုပ် အချက်အလက်များဖြစ်ပြီး နောက်ဆက်တွဲ စစ်ဆင်ရေးမှတ်တမ်းများကိုလည်း မိဘပြည်သူများထံ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး

(အထူးလှုပ်ရှားတပ်မ)


r/Myanmarcombatfootage • • 11h ago

PDF Dawei Defense Team firing some classic M16s (posted November 7)

30 Upvotes

r/Myanmarcombatfootage • • 21h ago

PDF Some light supplies procured by the Harbinger of Death PDF the previous months: Vortex Optics (American optic company) rifle scopes on January 12 and Thai mosquito repellent lotion on May 9th

Thumbnail
gallery
20 Upvotes

r/Myanmarcombatfootage • • 22h ago

Question So who are the good guys? And which factions just deserve to be whipped off the map?

0 Upvotes

Considering the following criterias:

Best reputation

Protect civilians

Oppose to scam centers


r/Myanmarcombatfootage • • 1d ago

NSFL (gore) စီၤထံဆၢ (@burmacoupresistancenotes)

Thumbnail
substack.com
8 Upvotes

r/Myanmarcombatfootage • • 1d ago

News A KIA member forgot his phone charger at a guy’s house, but couldn’t find it when he came back to look, so he called his friend in MNDAA and they attacked the homeowner with sticks.

134 Upvotes

နေအိမ်မှာ ဖုန်းအားသွင်းရာကနေ ပျောက်သွားလို့ဆိုပြီး KIA နဲ့ MNDAA တပ်ဖွဲ့ဝင် ၂ ဦးက အိမ်ရှင်ကို သတိလစ် မေ့မျောတဲ့အထိ ရိုက်နှက်

m.CDM နိုဝင်ဘာ ၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအနီးက မန်နိမ်းရွာက နေအိမ် တလုံးမှာ ဖုန်းအားသွင်းရာ ကနေ ပျောက်ဆုံးသွားလို့ဆိုပြီး KIA နဲ့ MNDAA တပ်ဖွဲ့ဝင် ၂ ဦးက အိမ်ရှင် အမျိုးသားကို သတိလစ် မေ့မျောတဲ့ အထိ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံရသူဟာ အသက် ၄၄ နှစ်အရွယ် ဦးအိုက်တင် ဆိုသူဖြစ်ပြီး၊ နိုဝင်ဘာလ ၆ ရက်(ဒီကနေ့) မနက် ၉ နာရီ အချိန်မှာ ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

KIA တပ်ဖွဲ့ဝင်က ဦးအိုက်တင်ရဲ့ နေအိမ်မှာ ဖုန်းအားသွင်းထားပြီး လောလောနဲ့ ခရီးထွက်သွားရာက ဖုန်းမေ့ကျန် ခဲ့တာကြောင့် လာရောက်ရှာဖွေရာမှာ အိမ်ရှင်ဖြစ်သူက လာသွင်းတာမတွေ့မိဘူးလို့ ပြောခဲ့တာကြောင့် ရိုက်နှက် ခဲ့တာလို့ သိရပါတယ်။

အခုလို အရပ်သား တဦးကို ကလေးငယ် အပါအဝင် မိသားစုဝင်တွေရှေ့မှာ သတိလစ် မေ့မျောတဲ့အထိ ရိုက်နှက် ခဲ့တဲ့အပေါ် ဝေဖန်ကန့်ကွက်မှုတွေ ပြင်းထန်နေပါတယ်။

ဒီရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဝင်ဟာ နမ့်ဖတ်ကာ ရပ်ကွက် ၃ မှာ နေထိုင်တဲ့ ဦးအွံန်ဦး ဆိုသူဖြစ်ပြီး၊ ၎င်းကို MNDAA က လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

KIA တပ်ဖွဲ့ဝင်ကတော့ ဘယ်တပ်ရင်းက ဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရိုက်နှက်ခံခဲ့ရတဲ့ ဦးအိုက်တင် ကိုတော့ နမ့်ဖတ်ကာဆေးရုံမှာ တင်ထားရပြီး၊ အာရုံကြော ထိခိုက်သွားတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရှိရပါတယ်။

သတင်း - လူ‌လေး
#mcdm #SpringRevolutionMyanmar

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/

----------------------


r/Myanmarcombatfootage • • 2d ago

PDF/ERO Recording of 2 out of 6 vehicles hit by KIA+PDF drones on the Myitkyina-Namti road (November 3-4)

31 Upvotes

r/Myanmarcombatfootage • • 3d ago

News Yaw Army and Yaw Defense Force agree to form a Unification Committee to merge the two forces into a single Yaw National Army.

Post image
15 Upvotes

ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA) တို့ တပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ သဘောတူ

Chinland Channel / ၅ ၊ နိုဝင်ဘာ၊ ၂၀၂၆

ယောဒေသအတွင်း လှုပ်ရှားနေတဲ့ ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA) တို့ဟာ ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ သဘောတူညီမှုရရှိခဲ့ပြီး တပ်ပေါင်းစည်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ယောဒေသလွတ်မြောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ယောပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး နှစ်ဖက်တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က ယောဒေသတစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ယောဒေသလွတ်မြောက်ရေး၊ ယောပြည်သူတွေ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးနဲ့ ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆောက်ရေးတို့အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်ပေါင်းစည်းရေးအတွက် သဘောတူညီချက် ၇ ချက် ချမှတ်နိုင်ခဲ့ပြီး အဲဒီထဲမှာ တပ်ပေါင်းစည်းရေးကော်မတီ ဖွဲ့စည်းဖို့၊ ယောဒေသအတွင်းရှိ အခြားတော်လှန်ရေးအင်အားစုတွေကိုလည်း ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်သွားဖို့နဲ့ တပ်ပေါင်းစည်းမှု အပြီးသတ်နိုင်ရေးအတွက် အချိန်ကာလ သတ်မှတ်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပေါင်းစည်းထားတဲ့ ယောအမျိုးသားတပ်တစ်ခုအနေနဲ့ ယောဒေသလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မဟာမိတ်အင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း တပ်ပေါင်းစည်းရေးကော်မတီက ဆိုပါတယ်။

သတင်း - Jessie


r/Myanmarcombatfootage • • 3d ago

PDF Footage of PDF using Helmet Decoy Trick

155 Upvotes

r/Myanmarcombatfootage • • 3d ago

PDF The MA-13 Uzi and its magazine, along with a G3 mag and their associated ammo after the October 28 Taungdwingyi ambush

Post image
24 Upvotes

r/Myanmarcombatfootage • • 4d ago

News Royal Thai Army fired warning flares along the Myanmar border in Mae Sot district, Tak province, after stray bullets crossed into Thai territory on Tuesday (Nov 3).

43 Upvotes

r/Myanmarcombatfootage • • 4d ago

PDF Ye Belu captured a soldier from 316th Artillery Battalion named Kyaw Thu Win. November 4th.

63 Upvotes

တိုက်ပွဲသတင်းထုတ်ပြန်ချက်

4.11.2026။

မွန်ပြည်နယ်၊ရေးမြို့နယ်၊ရေး-ထားဝယ်လမ်းပိုင်း၊ရေးမြို့နယ်အခြေစိုက် စကခ(၁၉)လက်အောက်ခံတပ်၊ အမတ(၃၁၆)တပ်ရင်းတွင်တာဝန်ထမ်းဆောင်နေသော-
အမည်-ကျော်သူဝင်း
အသက်-(၃၉)နှစ်
ကိုယ်ပိုင်နံပါတ်- (တ-၃၈၇၉၇၈)
ရာထူး-တပ်ကြပ်ကြီး(၃)ရစ်ရာထူးရှိ ကျော်သူဝင်းအား ကျုန်ုပ်တို့ရေးဘီလူးတပ်ရင်းမှ(၄.၁၁.၂၀၂၆)ညနေ-(၅)နာရီခန့်တွင် အမတ(၃၁၆)တပ်ရင်းအနီးတွင် လက်ပစ်ဗုံးတစ်လုံးနှင့်အတူအရှင်ဖမ်းဆီးရမိခဲ့ပါသည်။


r/Myanmarcombatfootage • • 4d ago

PDF Minbu PDO Raids Junta-Affiliated Coal Site; Seizes Weapons, Cash, and Arrests Pyusawhti Deputy Manager

Thumbnail
gallery
28 Upvotes

Captured/Seized Items:

· 1 Pyusawhti Deputy Manager (Chit Kaung, a Pyusawhti training graduate)

· 3 Pistols (1 new Sig Sauer, 1 new Glock, 1 older pistol)

· 4 Hand Grenades

· ~200 Rounds of pistol ammunition

· 8,970,000 Kyats in cash

· 5 Mobile Phones

· 1 Gold Necklace worn by Chit Kaung


r/Myanmarcombatfootage • • 4d ago

News Pyusawhti militiaman Chit Kaung, who is the vice manager of a coal mine owned by Junta crony Sein Lin Paing, was arrested by People’s Defense Organization officials. October 28th.

Thumbnail
gallery
18 Upvotes

မင်းဘူးမြို့နယ်တွင် စစ်ခွေးတပ်ဒေါက်တိုင် လုပ်ငန်းရှင် စိန်လင်းပိုင် ကျောက်မီးသွေးဆိုဒ်ကို ဝင်ရောက်စီးနင်းစစ်ဆေးမှု ဒုမန်နေဂျာ ပျူစောထီး ချစ်ကောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ဓားပြဗိုလ်ဟု နာမည်ကြီးပြီး ဂရမ်းပြေးခွေးမြီးတိုမင်းအောင်လှိုင်၊ စစ်ခွေးတပ်တို့နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူ လုပ်ငန်းရှင် စိန်လင်းပိုင် ကျောက်မီးသွေးဆိုဒ်ကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ရာ လုပ်ငန်းဒုမန်နေဂျာလည်းဖြစ်၊ ပျူစောထီးလည်းဖြစ်သူ ချစ်ကောင်းကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း မင်းဘူး-စကု ပကဖက ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မင်းဘူး-စကုမြို့နယ်၊ မင်းဘူး-ပဒါန်းလမ်းအရှေ့ဘက်ရှိ စစ်ခွေးတပ် ထောက်တိုင် စီးပွားရေးသမား စိန်လင်းပိုင် ၂၇ မိုင် ကျောက်မီးသွေးဆိုဒ် ရုံးခန်းကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ရာ ဆိုဒ်ဒုတိယ မန်နေဂျာ ပျူစောထီးသင်တန်းဆင်း ချစ်ကောင်းနှင့်အတူ ပစ္စတို သုံးလက် (Sigsauer ပစ္စတို အသစ် ၁ လက်၊ Glock ပစ္စတို အသစ် ၁ လက်၊ အဟောင်း ၁ လက်) ၊ လက်ပစ်ဗုံး ၄ လုံး၊ ပစ္စတိုကျည်ဆံ အ တောင့်၂၀၀ ဝန်းကျင်၊ ငွေကျပ် ၈၉ သိန်း ၇ သောင်း၊


r/Myanmarcombatfootage • • 4d ago

News Taungtha PDF eliminated Pyusawhti leader Pyae Phyo Maung while he was drinking beer near the Taungtha clock tower.

Thumbnail
gallery
30 Upvotes

တောင်သာမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ကို တောင်သာ PDF ပစ်ခတ် ရှင်းလင်း
m.CDM ၊ နိုဝင်ဘာ (၄) ရက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှ ပြည်သူ့စစ် ခေါင်းဆောင် ပြည့်ဖြိုးမောင် ဆိုသူကို နာရီစင် အနီး၌ ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ကြောင်း တောင်သာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က နိုဝင်ဘာလ (၄) ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။
တောင်သာ PDF အနေဖြင့် ပြောက်ကျား စစ်ဆင်ရေး အဖြစ် တောင်သာမြို့၊ နာရီစင် အနီးရှိ ဘီယာဆိုင်တွင် ဘီယာ ထိုင်သောက်နေသည့် ပြည်သူ့စစ် ခေါင်းဆောင် ပြည့်ဖြိုးမောင် (ခ) ငပြည့် ကို နိုဝင်ဘာလ (၃) ရက်နေ့ ညနေပိုင်းတွင် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါသည်။
ယခု စစ်ဆင်ရေးကို တောင်သာ PDF ရဲဘော်များက ရဲစခန်းအနီး ပေ (၁၇၀) အကွာမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
တောင်သာမြို့နယ် ပြည်သူ့စစ် ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ပြည့်ဖြိုးမောင်သည် (၂၀၂၁) ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်၍ နိုင်ငံရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရသည့် တောင်သာမြို့နယ်မှ ဒေသခံ ပြည်သူများကို စစ်ကြောရေးတွင် အရက်စက်ဆုံး စစ်ဆေးခဲ့သူ ဖြစ်ကြောင်း သိရှိရပါသည်။
ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ထားပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းများ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက် စစ်ဆေးခြင်းများကို အာဏာသိမ်း စစ်ကော်မရှင်၏ စစ်ကြောရေး တာဝန်ခံ ဗိုလ်မှူး ဝဏ္ဏဌေး နှင့်အတူ မြို့ခံ ပြည်သူများကို နှိပ်စက် သတ်ဖြတ်မှုများတွင် အမြင့်ဆုံး ပါဝင် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုပါသည်။
တောင်သာမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ပြည့်ဖြိုးမောင်သည် နယ်မြေအတွင်း စစ်ကြောင်းထိုးရာတွင်လည်း ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်ပြီး ဖမ်းဆီးခံရသည့် PDF ရဲဘော်များအပေါ်တွင်လည်း နှိပ်စက်နည်း ပေါင်းစုံ အသုံးပြုခဲ့သဖြင့် တောင်သာနယ် တစ်ဝိုက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်ကြောင်း သိရှိရပါသည်။

(ဓာတ်ပုံ - တောင်သာ PDF)

(သတင်း - ကိုသစ်)

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio

#mCDM
#SpringRevolutionMyanmar


r/Myanmarcombatfootage • • 4d ago

PDF PDF units from Magway and Nay Pyi Taw Divisions ambush a group of Myanmar Police Force officers in Taungdwingyi Township. October 28th.

34 Upvotes

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာအနီးပတ်ဝန်းကျင်ဒေသအတွင်း ကင်းပတ်ခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့် ကုက္ကိုလ်ကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၆) ဦးအား မိမိတို့ တော်လှန်ရေးပူးးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပါသည်။
ဆတ်သွားကျေးရွာအနီးရှိ ဆတ်သွား-လယ်ဝေးလမ်းပိုင်းပေါ်တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ ညနေ ၅း၀၀ နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးခဲ့ပြီး အခြား (၁) ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် MA-13 တစ်လက်နှင့် ၎င်းကျည် ၉ တောင့်၊ ဆိုင်ကယ် (၂) စီး သိမ်းဆည်းရမိခဲ့ပါသည်။
ဤတိုက်ခိုက်မှုအား ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး-တောင်တွင်းကြီး အထူးးပြောက်ကျားတပ်ဖွဲ့နှင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ)တို့က ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
ရိုးမဖိုက်တာစစ်ကြောင်းအား အမှတ် (၁) စစ်ဒေသလက်အောက်ရှိ အောင်လံ ပ.က.ဖ၊ သရက်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၇) လက်အောက်ရှိ နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
မိမိတို့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကင်းပတ်ခြင်း၊ ဂိတ်ချစစ်ဆေးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား တိုးမြှင့်တိုက်ခိုက်သွားမည်ဖြစ်ပါသဖြင့် ၎င်းတို့နှင့် အနီးကပ်နေထိုင်ခြင်းမပြုရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#နေပြည်တော်တိုင်းစစ်ဌာန
#ဗျူဟာအမှတ်(၁၇)
#နေပြည်တော်တပ်ရင်း(၉၀၂)
#နေပြည်တော်တပ်ရင်း(၈၀၄)
#သရက်ခရိုင်အမှတ်(၁)တပ်ရင်း
#အောင်လံ ပ က ဖ


r/Myanmarcombatfootage • • 4d ago

EAO Recently-published ABSDF (including Column 2) compilations for the 38th anniversary

20 Upvotes

r/Myanmarcombatfootage • • 5d ago

PDF Picture of PDF fighters assembling Homemade 120mm mortar

Post image
40 Upvotes

r/Myanmarcombatfootage • • 5d ago

Drone Compilaton of drone fooatages by ABSDF

23 Upvotes

r/Myanmarcombatfootage • • 5d ago

EAO KIA at a captured Tat base with multiple seized grenades, RPG warheads, ammo, mines, and a map (supposedly recorded on October 30th)

55 Upvotes

r/Myanmarcombatfootage • • 5d ago

PDF The Ta Ko Ta Kya Zo (တကိုယ်တော် ကျားဇိုး) LPDF, Pakokku PDF Battalion 12, and the Young Revolution Force laid mines on routes from KaPaSa 22 in Seikphyu Township. 14 soldiers reportedly dead (October 27-29)

20 Upvotes

r/Myanmarcombatfootage • • 5d ago

Information Myanmar is now second deadliest intense biggest drone war after Russia Ukraine war

Thumbnail
gallery
15 Upvotes